9th Annual Mid-Autumn Harvest Festival

Event Date: 
Saturday, September 21, 2019 -
11:30am to 4:00pm
Event Place: 
Tenderloin Recreation Center, 570 Ellis Street, San Francisco, CA 94109

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် နဝမ အကြိမ်မြောက် ဆောင်းဦးပေါက် ကောက်သစ်စား ယဥ်ကျေးမှုပွဲတော်အား မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသော သက်ဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများ၏ အသင်းအဖွဲ့များမှ စုစည်းဦးဆောင်၍ ယဥ်ကျေးမှု သရုပ်ပြတေးဂီတနှင့် ပဒေသာကပွဲ၊ အနုပညာ လက်ရာများပြခန်း၊ ကလေးများအတွက် ပျော်စရာ အစီအစဥ်များ၊ ရိုးရာအစားအစာများ နှင့် ရိုးရာတေးဂီတများအား သီဆိုကပြ ဖျော်ဖြေမှုများကို ခင်းကျင်းတင်ဆက် ပြသသွားမှာ ဖြစ်ပါသည်။ ဆန်ဖရန်စစ္စကိုမြို့ရှိ တံဒါလွိုင်း ရပ်ကွက်တွင် နေထိုင်လာခဲ့သော အင်ဒိုချိုင်းနား ဘေးဒုက္ခသည်များ၏ သမိုင်းဖြစ်ရပ်များကိုလည်း ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။ မြန်မာတိုင်းရင်းသား မိသားစုဝင်များ အားလုံးကို ဤပွဲတော်သို့ ကြွရောက်အားပေးကြဖို့ မြန်မာကွန်မြူနီတီ နှင့် ယဥ်ကျေးမှုစင်တာမှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

 

မြန်မာတိုင်းရင်းသား အားလုံးတို့၏ စုံလင်မြင့်မားလှသော ယဥ်ကျေးမှု အနုပညာများကို လူမျိုးခြား အများပြည်သူများ လေးစားသိရှိနိုင်စေရန် ပြသမည့်ပွဲ ဖြစ်ပါ၍ မိမိတို့၏ ရိုးရာဝတ်စုံများကို ဂုဏ်ယူစွာဖြင့် ဝတ်ဆင်လာကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါသည်။

 
----------------------------------------------------
 

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၁) ရက္ေန႔တြင္ နဝမ အႀကိမ္ေျမာက္ ေဆာင္းဦးေပါက္ ေကာက္သစ္စား ယဥ္ေက်းမႈပြဲေတာ္အား ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္၊ ဖိလစ္ပိုင္ အစရွိေသာ သက္ဆိုင္ရာ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ား၏ အသင္းအဖြဲ႕မ်ားမွ စုစည္းဦးေဆာင္၍ ယဥ္ေက်းမႈ သ႐ုပ္ျပေတးဂီတႏွင့္ ပေဒသာကပြဲ၊ အႏုပညာ လက္ရာမ်ားျပခန္း၊ ကေလးမ်ားအတြက္ ေပ်ာ္စရာ အစီအစဥ္မ်ား၊ ႐ိုးရာအစားအစာမ်ား ႏွင့္ ႐ိုးရာေတးဂီတမ်ားအား သီဆိုကျပ ေဖ်ာ္ေျဖမႈမ်ားကို ခင္းက်င္းတင္ဆက္ ျပသသြားမွာ ျဖစ္ပါသည္။ ဆန္ဖရန္စစၥကိုၿမိဳ႕ရွိ တံဒါလြိဳင္း ရပ္ကြက္တြင္ ေနထိုင္လာခဲ့ေသာ အင္ဒိုခ်ိဳင္းနား ေဘးဒုကၡသည္မ်ား၏ သမိုင္းျဖစ္ရပ္မ်ားကိုလည္း ခင္းက်င္းျပသသြားမည္ ျဖစ္ပါသည္။ ျမန္မာတိုင္းရင္းသား မိသားစုဝင္မ်ား အားလုံးကို ဤပြဲေတာ္သို႔ ႂကြေရာက္အားေပးၾကဖို႔ ျမန္မာကြန္ျမဴနီတီ ႏွင့္ ယဥ္ေက်းမႈစင္တာမွ လႈိက္လွဲစြာ ဖိတ္ေခၚအပ္ပါသည္။

 

ျမန္မာတိုင္းရင္းသား အားလုံးတို႔၏ စုံလင္ျမင့္မားလွေသာ ယဥ္ေက်းမႈ အႏုပညာမ်ားကို လူမ်ိဳးျခား အမ်ားျပည္သူမ်ား ေလးစားသိရွိႏိုင္ေစရန္ ျပသမည့္ပြဲ ျဖစ္ပါ၍ မိမိတို႔၏ ႐ိုးရာဝတ္စုံမ်ားကို ဂုဏ္ယူစြာျဖင့္ ဝတ္ဆင္လာၾကဖို႔ကိုလည္း တိုက္တြန္းလိုက္ပါသည္။