1st Town Hall Meeting - Planning for the Eighth Annual SF Bay Area Thingyan Festival

Event Date: 
Saturday, January 19, 2019 -
4:00pm to 7:00pm
Event Place: 
Myanmar Community and Cultural Center, 33511 Western Ave, Union City, CA 94587

ဖိတ်ကြားလွှာ : သင်္ကြန်ချစ်သူ မြန်မာမိသားစုများ အားလုံး “မင်္ဂလာပါ” ရှင်

ဆန်ဖရန်စစ္စကို ဗေးဧရိယာ၏ အဋ္ဌမအကြိမ်မြောက် မဟာသင်္ကြန်ပွဲတော်ကြီးကို ယခုနှစ် ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်များနှင့်မတူ ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆွေနွေးတိုင်ပင် ပြုလုပ်ရန် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ သင်္ကြန်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ နှင့်အတူ သင်္ကြန်ချစ်သူ မြန်မာမိသားစုများ အားလုံး …အားလုံး နွေးထွေး ရင်းနှီးစွာ တက်ရောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင်။ #SFThingyan2019

--------------------------------
ပြင်ဆင်ချက် ။ ။ သင်္ကြန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အချိန် နှင့် နေ့ရက် ပြောင်းလဲပြင်ဆင်ခြင်း

သင်္ကြန်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ နှင့် သင်္ကြန်ချစ်သူ မြန်မာမိသားစုများ ၏ အချိန် နှင့် ရက် အခက်အခဲ များကြောင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ဇန်နဝါရီလ ၅ ရက်၊ ညနေ ၅:၀၀ နာရီ မှ ၇:၀၀ နာရီ အစား မှ ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၄:၀၀ နာရီ မှ ၇:၀၀ နာရီ သို့ ပြောင်းလဲပြင်ဆင်လိုက်ပါသည်။