2018 SF Bay Area Myanmar Film Festival

Event Date: 
Sunday, December 16, 2018 -
12:00pm to 5:00pm
Event Place: 
Capuchino High School, 1501 Magnolia Ave, San Bruno, CA 94066

၂၀၁၈ ခုနှစ်၊ မြန်မာရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာ (၁၆) ရက် နေ့မှာ San Bruno မြို့၊ Little Theater - Capuchino High School ၌ နေ့လည် (၁၂) နာရီ မှစတင်၍ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်အတွက် ပြသရန် ရွေးချယ်ထား သော ဇာတ်ကားများမှာ ဒါရိုက်တာ မီးပွါး ၏ ခေါက်ထီးလေး မလုံ့တလုံ နှင့် ဒါရိုက်တာ ကြည်ဖြူသျှင် ၏ ဇာတိမြေ စုစုပေါင်း နှစ်ကားဖြစ်ပါတယ်။

အကယ်ဒမီတစ်ကြိုပေးရမှုများသည့် " ခေါက်ထီးလေး မလုံ့တလုံ " မှာ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ၏ ဝတ္ထုကို ဒါရိုက်တာ မီးပွါး မှ ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး သူငယ်ချင်းများ ဖြစ်ကြတဲ့ အစိုးရရှေ့နေအမျိုးသမီး နှင့် ပြည့်တန်ဆာအမျိုးသမီး တို့နှစ်ဦးရဲ့ မတူခြားနားလှတဲ့ ဆန့်ကျင်ဘက် ဘဝဖြစ်တည်လာမှုကို ကြေကွဲဆို့နင့်ဖွယ် ခင်းကျင်းပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်များဖြစ်ကြသော အကယ်ဒမီ မင်းမော်ကွန်း ၊ အေးမြတ်သူ နှင့် အကယ်ဒမီ စိုးပြည့်သဇင် တို့က အဓိကပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင် ၏ "ဇာတိမြေ" ကတော့ ဂျပန်ပြည်ရောက် မြန်မာလူမျိုးတို့ရဲ့ ဘ၀နေထိုင်မှု တစ်စိတ်တစ်ဒေသအား ပုံဖော်ထားသည့် ဇာတ်ကား ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များဖြစ်ကြသော အကယ်ဒမီ ရန်အောင် ၊ အောင်ရဲလင်း ၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည် တို့နှင့်တကွ လှပျိုဖြူတို့ အသည်းကျော် မြန်မာ-ဂျပန် အဆိုတော်၊ ဟော်လီဝုဒ် မင်းသား မိုရီစခီဝင်း (ခေါ်) အဝင်း တို့က အဓိကပါဝင်သရုပ်ဆောင် ထားကြပါတယ်။
တကယ့်ကို အနှစ်သာရများနဲ့ပြီးပြည့်စုံလှတဲ့ ဇာတ်ကားကြီးများကို ငွေရောင် ပိတ်ကားပေါ် ဆက်လက် ကြည့်ရှုပါရန် လှိုက်လှဲစွာဖိတ်ခေါ်ပါရစေ။

မှတ်ချက် ။ ။လက်မှတ်များ ကြိုတင်ဝယ်ယူလိုပါက One Myanmar Community ကိုဆက်သွယ်ပြီး တိုက်ရိုက် ဝယ်ယူနိုင်သလို ပွဲတော်နေ့မှာလဲ ဝယ်ယူနိုင်ပါတယ်။

The Myanmar Film Festival returns to San Francisco on Sunday, December 16, 2018. The 4th edition Myanmar Film Festival will present two feature-length films which are the daring, intriguing and relevant that showcase the true human nature, while exploring Burmese society and identity. Both films are to shown in Burmese languages, with English subtitles.

Advanced ticket purchase can be made contacting One Myanmar Community staff or you can purchase in person at the venue’s box office.

#MyanmarFilmFestival
#SFMYANMARFILMFESTIVAL2018
#OneMyanmarCommunity