Google မှ လက်ကိုင်ဖုန်း မြန်မာလက်ကွက် ဒီဇိုင်းအသစ် လက်တွေ့ စမ်းသပ်မှု
မင်္ဂလာပါ...
ဒီလာမယ့် အင်္ဂါနေ့ (စက်တင်ဘာလ ၁၈၊ ၂၀၁၈) ညနေ (၆) နာရီမှာ Google မှ လက်ကိုင်ဖုန်း မြန်မာလက်ကွက်ကို လက်တွေ့ အသုံးပြုနေသူများနှင့် တွေ့ဆုံ၍ လက်ကိုင်ဖုန်း မြန်မာစာလက်ကွက် ဒီဇိုင်းအသစ် တစ်ချို့ကို စမ်းသပ်မှုများ ပြုလုပ်ပြီး ဝေဖန် အကြံပြုချက်များကို ကောက်ယူဖို့ စီစဉ်ထားပါတယ်။
Google မှ အင်ဂျင်နီယာ တစ်ဦးနှင့် အသုံးပြုသူများရဲ့ အတွေ့အကြုံများကို ရှာဖွေလေ့လာသူ တစ်ဦးတို့ မြန်မာကွန်မြူနီတီ နှင့် ယဉ်ကျေးမှုစင်တာသို့ လာရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။
ှGoogle ရဲ့ Gboard လို့ခေါ်တဲ့ လက်ကိုင်ဖုန်းလက်ကွက် application ထဲမှ မြန်မာလက်ကွက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းအသစ် တစ်ချို့ကို စမ်းသပ်ခွင့်ရမှာ ဖြစ်ပြီး၊ ဝေဖန် အကြံပေးခွင့်လည်းရမှာ ဖြစ်ပါတယ်။
Gboard application ဟာ Android (e.g. Samsung) နဲ့ iOS (e.g. iPhone) operating system နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။
ဒီ research မှာ ပါဝင်ကူညီဖို့ စိတ်ဝင်စားသူများ အောက်ပါ အစီအစဉ်အတိုင်း မြန်မာကွန်မြူနီတီ နှင့် ယဉ်ကျေးမှုစင်တာသို့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Gboard လက်ကိုင်ဖုန်း မြန်မာလက်ကွက် ဒီဇိုင်းအသစ်တစ်ချို့ လက်တွေ့စမ်းသပ်မှု
Date: September 18, 2018 (Tuesday)
Time: 6:00 PM to 7:00 PM
Location: One Myanmar Community
Myanmar Community and Cultural Center
33511 Western Avenue
Union City, CA 94587