8th Annual Mid-Autumn Harvest Festival

Event Date: 
Saturday, September 22, 2018 -
11:30am to 4:00pm
Event Place: 
Tenderloin Recreation Center, 570 Ellis Street, San Francisco, CA 94109

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် အဋ္ဌမ အကြိမ်မြောက် ဆောင်းဦးပေါက် ကောက်သစ်စား ယဉ်ကျေးမှုပွဲတော် အမည်ဖြင့် အရှေ့တောင်အာရှ နိုင်ငံများ၏ အနုပညာနှင့် ယဉ်ကျေးမှုများ ပြသခြင်း ပွဲတော်တစ်ရပ်ကို မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသော ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ သက်ဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများ၏ ကွန်မြူနီတီ အသင်းများမှ စုစည်းဦးဆောင်၍ ယဉ်ကျေးမှု သရုပ်ပြတေးဂီတနှင့် ပဒေသာကပွဲ၊ အရှေ့တောင်အာရှ အနုပညာ လက်ရာများပြခန်း၊ ကလေးများအတွက် ပျော်စရာ အစီအစဉ်များ၊ ရိုးရာအစားအစာများ နှင့် အရှေ့တောင်အာရှ တေးဂီတ ဖျော်ဖြေမှုများကို ခင်းကျင်းတင်ဆက် ပြသမည့်အပြင် ဆန်ဖရန်စစ္စကိုမြို့ တံဒါလွိုင်း ရပ်ကွက်နေ အင်ဒိုချိုင်းနား ဘေးဒုက္ခသည်များ ကွန်မြူနီတီ၏ သမိုင်းဖြစ်ရပ် များကိုလည်း ခင်းကျင်းပြသသွားမည် ဖြစ်ပါ၍ လာရောက် အားပေးကြပါရန် မြန်မာတိုင်းရင်းသား မိသားစုဝင် အပေါင်းတို့အား မြန်မာကွန်မြူနီတီ နှင့် ယဉ်ကျေးမှုစင်တာမှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

မြန်မာတိုင်းရင်းသား အားလုံးတို့၏ စုံလင်မြင့်မားလှသော ယဉ်ကျေးမှု အနုပညာများကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ပြသရန် ကြိုးပမ်းသည့်ပွဲ ဖြစ်ပါ၍ တတ်နိုင်သမျှ မိမိတို့၏ ရိုးရာဝတ်စုံများကို ဂုဏ်ယူစွာ ဝတ်ဆင်လာကြပါရန် လေးစားစွာဖြင့် တိုက်တွန်း အပ်ပါသည်။ သိလိုသည်များရှိပါက အောက်ပါ ပုဂ္ဂိုလ်များထံတွင် ဆက်သွယ်မေးမြန်း နိုင်ပါသည်။

On September 22nd, 2018, we invite you to attend the Eighth Annual Mid-Autumn Harvest Festival celebrating the cultural diversity of the Tenderloin community. The Festival helps promote and preserve the arts and culture of the Asian American communities in San Francisco, and specifically highlights some of the Asian Refugee communities which have a history in the Tenderloin. This year we have a special event, we will be featuring a Southeast Asian Street Soccer USA Tournament. We will also have representatives from the Burmese, Chinese, Cambodian, Cham, Filipinos, Laotian, Mongolian, Thai, and Vietnamese communities, as well as collaborations with the SF Wushu Team, World Team USA-Muay Thai and Street Soccer USA.

Come celebrate the Mid-Autumn Harvest Festival with us and learn more about different Asian American cultures!