New Philosophy for Daily Life
မိမိတို့ရဲ့ နေ့စဉ်နေထိုင်မှု ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရာမှာ နည်းလမ်းကောင်းတွေ ရှာဖွေနိုင်ရန် အတွက် အတွေးသစ်၊ အမြင်သစ်တွေ ရရှိစေဖို့ “ဘဝအတွေး အမြင်သစ်” (New Philosophy for Daily Life) ဆိုတဲ့ ပညာပေး ဟောပြောပွဲတစ်ခု ဒီလာမယ့် တနင်္ဂနွေနေ့၊ ဇွန်လ (၂၄) ရက်နေ့မှာ ရှိပါမယ်။
ရဟန်းစာဆိုရှင် (၃) ပါးဖြစ်တဲ့ ဆရာ ဓမ္မဘေရီ (အရှင် ဦးဝီရိယ - တောင်စွန်း ဆရာတော်)၊ ဆရာ ကံထွန်းသစ် (အရှင် ဦးဇာဂရ)၊ ဆရာ ဓမ္မဂင်္ဂါ (အရှင် ဒေါက်တာ ဦးဝိစိတ္တသာရ) တို့မှ မှတ်သားဖွယ် ဗဟုသုတစုံလင်စွာဖြင့် ဟောပြောသွားမှာပါ။
မိမိတို့သိလိုတာတွေကိုလည်း မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ ကြွရောက်ကြပါလို့ လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်။ ပညာပေး ဟောပြောပွဲ အဖြစ်စီစဉ်ထားတာဖြစ်လို့ သီလပေး၊ ရေစက်ချ တရားဟောမှာ မဟုတ်ကြောင်းကိုလည်း ကြိုတင်အသိပေးလိုက်ပါတယ်။
--------------------------
Please come join us on Sunday, June 24, 2018 for workshop and learn about new philosophy for daily life.
