Immigration and Mental Strength Workshop

Event Date: 
Saturday, June 23, 2018 -
3:00pm to 6:00pm
Event Place: 
Myanmar Community and Cultural Center, 33511 Western Ave, Union City, CA 94587

ဆန်ဖရန်စစ္စကို ဗေးဧရိယာမှာရှိတဲ့ မြန်မာမိသားစုများနဲ့ မိတ်ဆွေများအတွက် ဇွန်လ (၂၃) ရက်နေ့မှာ Immigration and Mental Strength Workshop လေး တစ်ခုစီစဉ်ထားပါတယ်။

ဒီပညာပေး ဟောပြောပွဲမှာ အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ၊ နေ့စဉ်စိတ်ဖိစီးမှုတွေ သက်သာပြေပျောက်အောင် နေထိုင်နည်းတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ စတဲ့ အကြောင်းအရာ နှစ်မျိုးကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူတွေ ကိုယ်တိုင် လာရောက်ဟောပြောပေးမှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တာတွေကို ရှေ့နေ Marc Santamaria, J.D. Ph.D, LLM က ဟောပြောပေးမှာ ဖြစ်ပြီး၊ စိတ်ဖိစီးမှု သက်သာစေတဲ့ နည်းလမ်းကောင်းတွေ အကြောင်းကိုတော့ လိုင်စင်ရ ကျွမ်းကျင်သူ နှစ်ဦးဖြစ်တဲ့ Manisha Chulani နဲ့ Napaporn Limopasmanee တို့က ဟောပြောပေးမှာ ဖြစ်ပါတယ်။ မိမိတို့ သိချင်တဲ့ မေးခွန်းများကိုလည်း ကိုယ်တိုင်လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။

--------------------

Come join us on Saturday, June 23, 2018 for workshop and learn about US Immigration and Metal Strength for your healthier life.