Greeting and Welcoming Message to New US Ambassador to Myanmar - Scot Marciel

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်အဖြစ် ခန့်အပ်တာဝန်ပေးထားခြင်း ခံရသော မစ္စတာ စကော့မာစီရယ်လ် အား One Myanmar Community မှ ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။ သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ အမေရိကန်နိုင်ငံ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးများကို တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမည့် အရေးကြီးသော အချိန်ကာလတွင် ရောက်ရှိတာဝန် ထမ်းဆောင်ရသည် နှင့်အတူ သူ၏ အရှေ့တောင်အာရှ ပတ်ဝန်းကျင်ဒေသ ကျွမ်းကျင်မှုကို အသုံးပြု၍ နှစ်နိုင်ငံ အကျိုးစီးပွါးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်ပါစေရန်လည်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ထို့အပြင် One Myanmar Community မှလည်း တိုင်းရင်းသား မြန်မာလူမျိုးများအားလုံး၏ ကောင်းကျိုးအတွက် ကူညီဆောင်ရွက်ပေးနိုင်သည်များကို တတ်စွမ်းသမျှ အတူပံ့ပိုးကူညီ ပေးသွားနိုင်မည်ဟုလည်း မျော်လင့်မိပါသည်။

 

One Myanmar Community congratulates Mr. Scot Marciel on his recent appointment as Ambassador to the Republic of the Union of Myanmar. He arrives at a time that is pivotal for the development of Myanmar’s international relations, including very much with the United States. His expertise in the region as well as his enthusiasm we hope would make for a positive move forward.
Again, OMC would like to offer Ambassador Marciel our most sincere congratulations upon his assumption of his new responsibilities. We at the OMC pledge our further support and look forward to productive cooperation.