၂၀၂၀ ခုနှစ် ဆန်ဖရန်စစ္စကို ဗေးဧရိယာ မဟာသင်္ကြန် ပွဲတော်ကြီး ကျင်းပနိုင်မည် မဟုတ်ကြောင်း အသိပေး ကြေငြာခြင်း
ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ မြန်မာမိသားစုများ ခင်ဗျာ/ရှင်
ယခုနှစ် ၂၀၂၀၊ မေလ (၂၄) ရက်နေ့တွင် နဝမ အကြိမ်မြောက် ဆန်ဖရန်စစ္စကို ဗေးဧရိယာ မဟာသင်္ကြန် ပွဲတော်ကြီးကို ကျင်းပနိုင်မည် မဟုတ်ကြောင်း နှင့် ပွဲတော်ကြီး ကျင်းပရန် ပြင်ဆင်နေမှုများအား ရပ်ဆိုင်းလိုက်ကြောင်း အသိပေးအပ်ပါသည်။
လတ်တလော အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သော ကူးစက်ရောဂါ တစ်မျိုးဖြစ်သည့် COVID-19 (Coronavirus Disease 2019) သည် အမေရိကန်နိုင်ငံတဝှန်း နှင့် ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ တချို့သော မြို့များတွင် စတင်၍ ကူးစက်ပျံ့ပွားလျက် ရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှလည်း ဤကူးစက်ရောဂါအား ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့နေသော ကပ်ရောဂါအဖြစ် ကြေငြာထားပါသည်။ ဤကူးစက်ရောဂါကို ကုသရန်နှင့် ကာကွယ်ရန် ဆေးများကို လက်ရှိအချိန်တွင် ကမ္ဘာအနှံ့မှ ကျန်းမာရေးဌာန အသီးသီးတွင် ရှာဖွေဖော်ထုတ်နေဆဲ ဖြစ်ပါသည်။ ယခုအခါ သက်ဆိုင်ရာ အုပ်ချုပ်ရေး အစိုးရဌာနများမှ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများကို မပြုလုပ်ရန် တားဆီးပိတ်ပင်ထားပါသည်။ သို့ဖြစ်ပါ၍ ပွဲတော်တက်ရောက်မည့်သူများ၊ စီစဥ်တင်ဆက်သူများ နှင့် အများပြည်သူတို့တွင် မလိုလားအပ်ပဲ ရောဂါကူးစက်ခံရမှုမျိုးများမှ ကာကွယ်နိုင်ရန် ၂၀၂၀ ခုနှစ် ဆန်ဖရန်စစ္စကို ဗေးဧရိယာ မဟာသင်္ကြန်ပွဲတော်ကြီး ပြင်ဆင်မှုကို ရပ်ဆိုင်းလိုက်ပါသည်။ ။
၂၀၂၀ ခုနှစ် ဆန်ဖရန်စစ္စကို ဗေးဧရိယာ မဟာသင်္ကြန် ဖြစ်မြောက်ရေး ကော်မတီ နှင့် One Myanmar Community
https://www.facebook.com/SFThingyan/photos/a.1570605953204923/2467949673...
********************************************
For Unicode to/from Zawgyi Converter:
https://www.rabbit-converter.org/Rabbit/
